hao

hao
hao

Friday, July 8, 2016

ကျန်းမာရေး အတွက် ရုံးပတီသီး စားပါ - ဆီးချိုရောဂါအတွက် ရုံးပတီသီး --- ကင်ပွန်းချဉ်

ကျန်းမာရေး အတွက် ရုံးပတီသီး စားပါ



ရုံးပတီသီး စားလို့ ရရှိနိုင်တဲ့ အကျိုးကျေးဇူး တွေကတော့ ----

- အရိုးကိုသန်မာစေပါတယ်။
- နှလုံးကိုကာကွယ်ပေးပါတယ်။
- အဆစ်အမျက် ရောင်ရမ်းခြင်းကို သက်သာလျော့ပါး စေပါတယ်။
- သွေးပေါင်ချိန်ကို ထိန်းပေးပါတယ်။
- သွေးစီးဆင်းမှုကို ပိုကောင်းစေပါတယ်။
- အရိုးပါးရောဂါ ကာကွယ်ပါတယ်။
- အရိုးကျီးပေါင်း တက်ခြင်းအတွက်လည်း ကောင်းမွန်ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

ဆီးချို ရောဂါအတွက်ရုံးပတီသီး

ဖန်ခွက်ထဲမှာ ထည့်ထားသည့် ပုံထဲကအတိုင်း ရုံးပတီသီးကို အရင်းပိုင်းနှင့် ထိပ်သီးအပိုင်းတို့ကို ဖြတ်လိုက်ပါ။ ၄ ထောင့် ၅ ထောင့်ခန့်ဆိုလျှင် လုံလောက်ပါပြီ။

ပြီးလျှင် ဖန်ခွက်ထဲမှာ ထည့်ပြီး ရေစိမ်ထားလိုက်ပါ။ ညပိုင်းမှာ စိတ်ထားပြီး မနက်မိုးလင်း ရေသောက်သည့်အချိန်မှာ အဖတ်များကို ဖယ်လိုက်ပြီး ၄င်းရေကို သောက်ပေးနိုင်ပါသည်။

၃ ရက်ခန့် သောက်ပေးပါက ဆီးချို သွေးချိုရောဂါကို သက်သာစေနိုင်ပါသည်။

(သတိပြုရန်) ။ ။ အလွန်အကျွံမသောက်သင့်ပါ။ သကြားဓါတ်၊ အချိုဓါတ်များ ဆုံးရှုံးမှု အလွန်များပြားလွန်းသွားလျှင် အန္တရာယ်ဖြစ်စေနိုင်ပါသည်။

ဆီးချိုရောဂါကို ခံစားနေရသော ဝေဒနာရှင် အမြန်ဆုံး သက်သာပျောက်ကင်းနိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ Diabetes cure using okra | Natural cures.


ကင်ပွန်းချဉ်




#အသုံးဝင်ပုံ

အသီး ၊ အရွက်။

#အာနိသင်
မြန်မာဆေးကျမ်းများအလိုအရ ကင်ပွန်းပွင့်သည် ချို၏ ၊ အေး၏ ၊ လေသလိပ်သည်းခြေကို နိုင်သည် ။
 ကင်ပွန်းရွက်သည် ပူ၏ ၊ ချဉ်၏ ၊ အပူကြောင့်ဖြစ်သော အခိုး အကင်းကို ငြိမ်းစေ၏ ၊ ၀မ်းရပ်ခြင်းကို ပြုတတ်၏ ။
ကင်ပွန်းသီးသည် ခါး၏ ၊ အေး၏ ၊ အစာကို ကြေညက်စေ၍ ၀မ်းကို သက်စေသည်။

#အသီးအသုံးပြုပုံ

၁။ အသီးသည် လေအောင့်ရောဂါ ၊ သွေးနှင့်ဆိုင်သော ရောဂါ ၊ အဖြူကွက်ပေါ်သောရောဂါ ၊ အစာအိမ်ရောဂါနှင့် ၀မ်းချုပ်ခြင်းကို ပျောက်စေသည်။

၂။ အသီးနှင့် အရွက်ပြုတ်ရည်ကို ၀မ်းပျော့ ဆေးရည်အဖြစ် သုံးသည်။

၃။ အသီးပြုတ်ရည်နှင့် ခေါင်းလျှော်ပေးခြင်းဖြင့် ဆံပင်သန်စေသည်။

၎။ အသီးကိုကြိတ်၍ အရေပြားရောဂါကို လိမ်းပေးလျှင် ပျောက်၏။

၅။ အသီးများကို မြွေဆိပ်ကုဆေး ဖော်စပ်ရာ၌လည်း သုံးသည်။

၆။ စိန်နှင့်သံပရာ စားမိသူအား ကင်ပွန်းသီးကို ကျိုပြီးလက်ဖက်ရည် ပန်းကန်တစ်လုံးခန့် တိုက်ပေးသော် စားထားသော စိန်နှင့် သံပရာများ ပြန်အန်ထွက်စေ၏။


#အရွက်

၁။ အရွက် ရေနွေးဖျောရည်ကို ငှက်ဖျားရောဂါ အတွက် သုံးသည်။ ၀မ်းဗိုက် လေပွခြင်းအတွက် ၎င်းအရည်ကိုသောက်ခြင်းဖြင့် ၀မ်းပျော့ပျော့သွား၍ ပျောက်စေသည်။

၂။ အရွက်နုကလေးများကို ငရုတ်ကောင်းရည်တွင် စိမ်၍ ဆား ၊ မန်ကျည်းသီး ၊ ငရုတ်သီး နှင့် ရောထောင်းပြီး အသည်းရောင် အသားဝါရောဂါ ၊ သည်းခြေရောဂါ စ
သည်တို့အတွက် တိုက်ကျွေးက သက်သာစေသည်။

၃။ အရွက်နုများကို ညဥ့်သိပ်စိမ်ပြီး သောက်သော် အဖျဉ်းရောဂါ ပျောက်၏။

၎။ အရွက်နုများကို ကြိတ်၍ အသည်းရောင်သော နေရာ၌ လိမ်းကျံပေးက သက်သာစေ၏ ။
     
နာတာရှည် အဖျားရောဂါ သို့မဟုတ် နာတာရှည် ရောဂါ ခံစားနေရ သူများ ခံတွင်း ပျက်နေပါက ငါးရံ့နှင့် ကင်ပွန်းချဉ်ရွက် ရောချက်ထားသည့် ဟင်းတစ်ခွက်သည် ခံ
တွင်းကို အထူး လိုက်စေသည်။ လေကို ပွားစေ၏။ သည်းခြေကို ရွှင်စေ၏။

သွေးဝမ်း၊ လိပ်ခေါင်း၊ ဒူလာ ရောဂါသည်များ ကင်ပွန်းချဉ်ရွက် ကြမ်းနှင့် ထန်းလျက်တို့ကို သုံး
ခွက် တစ်ခွက်တင် ကြိုချက်၍ သုံးစွဲပါက ရောဂါများ သက်သာ ပျောက်ကင်းစေ သည်။

၎င်းဆေးရည်ကို ရက်ရှည်မှီဝဲ သုံးဆောင်ပါက အာရုံကြော အားကောင်းစေ၍ ကိုယ
်ရောင် ရောဂါ၊   လေးဖက်နာ ရောဂါတို့ ပျောက်ကင်းစေ၍ ဆီးမှန်၊ ၀မ်းမှန်စေသည်။ ၎င်းဆေး ရည်ထဲတွင် ဆားဖုတ် အနည်းငယ် ထည့်သောက်ပါက ပန်းနာရင်ကျပ်၊ ချောင်း
ဆိုး ရောဂါများ ပျောက်ကင်းစေသည်။

ကင်ပွန်းသီးကို တရော်နှင့် စပ်၍ ခေါင်းလျှော်ရည် အဖြစ် အသုံးပြုပါက သန်း၊ ဗောက်၊ ဒက်တို့ ကင်းဝေးစေ၍ ကျက်သရေ တိုးစေသည်။
 ဆံပင်ကျွတ်ခြင်း၊ ဆံပင်ဖြူခြင်း ကိုလည်း ကာကွယ် ပေးသည်။

ကင်ပွန်းသီး ပြာချ၍ အုန်းဆီနှင့် ရောကာ လိမ်းဆေးအဖြစ် အသုံး ပြုပါက ၀ဲစို၊ ၀ဲခြောက်၊ နှင်းခူအစို၊ အခြောက်၊
 ဘင်၊ ဂျွတ်နှင့် ဂရင်ဂျီနာ တို့လည်း ပျောက်ကင်းစေသည်။
နာတာရှည် အဖျားရောဂါ သို့မဟုတ် နာတာရှည် ရောဂါ ခံစားနေရ သူများ ခံတွင်း ပျက်နေပါက ငါးရံ့နှင့် ကင်ပွန်းချဉ်ရွက်
ရောချက်ထားသည့် ဟင်းတစ်ခွက်သည် ခံတွင်းကို အထူး လိုက်စေသည်။ လေကို ပွားစေ၏။ သည်းခြေကို ရွှင်စေ၏။

သွေးဝမ်း၊ လိပ်ခေါင်း၊ ဒူလာ ရောဂါသည်များ ကင်ပွန်းချဉ်ရွက်
 ကြမ်းနှင့် ထန်းလျက်တို့ကို သုံးခွက် တစ်ခွက်တင် ကြိုချက်၍ သုံးစွဲပါက ရောဂါများ သက်သာ ပျောက်ကင်းစေ သည်။

၎င်းဆေးရည်ကို ရက်ရှည်မှီဝဲ သုံးဆောင်ပါက အာရုံကြော
အားကောင်းစေ၍ ကိုယ်ရောင် ရောဂါ၊   လေးဖက်နာ ရောဂါတို့ ပျောက်ကင်းစေ၍ ဆီးမှန်၊ ၀မ်းမှန်စေသည်။ ၎င်းဆေး ရည်ထဲတွင် ဆားဖုတ် အနည်းငယ် ထည့်သောက်ပါက
ပန်းနာရင်ကျပ်၊ ချောင်းဆိုး ရောဂါများ ပျောက်ကင်းစေသည်။

ကင်ပွန်းသီးကို တရော်နှင့် စပ်၍ ခေါင်းလျှော်ရည် အဖြစ် အသုံးပြုပါက သန်း၊ ဗောက်၊ ဒက်တို့ ကင်းဝေးစေ၍
 ကျက်သရေ တိုးစေသည်။ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ဖြူခြင်း ကိုလည်း ကာကွယ် ပေးသည်။

ကင်ပွန်းသီး ပြာချ၍ အုန်းဆီနှင့် ရောကာ လိမ်းဆေးအဖြစ် အသုံး ပြုပါက ၀ဲစို၊ ၀ဲခြောက်၊
 နှင်းခူအစို၊ အခြောက်၊ ဘင်၊ ဂျွတ်နှင့် ဂရင်ဂျီနာ တို့လည်း ပျောက်ကင်းစေသည်။

ကိုးကား။  ။
မြန်မာ့ဆေးဖက်ဝင်အပင်များနှင့် online data များ။
post by Sii Thuu (တောသား)။