hao

hao
hao

Wednesday, July 29, 2015





Server--Network လုပ်ငန်းသေးမယ်ဆိုရင်တော့ ရိုးရိုး Desktop Computer ကိုဘဲ Hard Disk ကြီးကြီးနဲ့  Memory များအောင်းတိုးမြှင့်ပြီး သုံးနိုင်ပါတယ်။ ( ချိတ်ဆက်တဲ့ အခါ ပိုမြန်ဆန် ပြီး၊ Data ပိုဆံ့)

Server Computer ( Windows 2003 server OS )

ချိတ်ဆက်မည့် Computer (Client Computer) များတွင် ( Windows XP, 98, ME, NT Work Station, 2000, Vista ,… ) စသော OS များကို တင်နိုင်ပါတယ်။
Switch တွေကိုခံပြီး၊ Server Computer အပါအဝင် Work Station Computer တွေကို ချိတ်ဆက်ထားလိုက်ပါ။

Server Computer ထဲမှာ Files တွေကိုသိမ်းဆည်း ထားနိုင်ပါတယ်။ထို Server Computer သည် Workstation Computer များမှ အဆိုပါ files များကိုစိတ်ကြိုက် သုံးယူနိုင်ပါတယ်။
Workstation Computer တိုင်းကို ဖွင့်စရာမလိုဘဲ သုံးမည့် Workstation computer ကိုဘဲ ဖွင့်ရန်လိုပါတယ်။ ဒါပေမယ့် Server ကိုတော့ ဖွင့်ထားရမည်ဖြစ်ပါတယ်။
Server စနစ်ကိုသုံးရင် File Sharing and Printer Sharing လုပ်သောအခါ ပိုမို မြန်ဆန် လာတာကိုတွေ့ရပါတယ်။

Server computer မှာ Folder သစ်တစ်ခုဆောက်ပါ။ ပြီးရင် အဲဒီ Folder ပေါ်မှာ Right Click , Properties , Share this folder ရွေးပါ။ Share Name နေရာမှာ Folder ကိုရွေး ပြီး၊ Maximum allowed နေရာကိုပါ ရွေးပါ။ သဘောက Server Computer ထဲမှာ ဆောက်ထားသော Folder ကို ချိတ်ဆက်ထားသော Client တွေအားလုံးက သုံးနိုင်အောင် လုပ်ခြင်းဖြစ်ပါတယ်။

ပြီးရင် Permission ကိုနှိပ်၊ Permission to everyone allow, deny အကွက်အောက် မှာ Read နေရာမှာအမှန်ခြစ်ထားတာကို တွေ့ရမည်ဖြစ်သည်။ သဘောကတော့ Folder in Server ကိုဖွင့်ဖတ်ခွင့်တစ်ခုကိုဘဲ ခွင့်ပြုထားတာ ဖြစ်ပါတယ်။ Read Permission ဘဲပေးထားခြင်းဖြစ်တယ်။
အားလုံးကိုခွင့်ပြုထားတာဖြစ်ချင်ရင်တော့ allow ကို click ထားရင်ရပါတယ်။ ဥပမာ- Client computer 4 ကနေ 7 ဆီကို data ပို့ချင်ရင် (၄ ရော၊ ၇ ရော) ဖွင့်ထားရမယ်။ အခုကတော့ server ကကြားခံပေးထားတော့ client 4 ကနေ 7 ဆီကိုပို့တဲ့အခါ Server ဆီကိုကြားခံပို့ပေး ရမယ်။

 အဲဒါကတော့ 7 ကဖွင့်ထားစရာမလိုဘဲ၊ နောင်တစ်ချိန် Data ကိုလက်ခံလိုသောအခါမှသာ၊7 computer ကိုဖွင့်ပြီး၊ Server ကနေ Data ကိုရယူနိုင်ပါ တယ်။ ထို့ကြောင့်မိမိရဲ့  Network အတွင်းမှာ Server ထားရတာက၊ကိုယ်အလုပ်လုပ်တဲ့ Data ကို Server ၏ Folder ထဲမှာသွားပြီးသိမ်းထားရန်လိုပါတယ်။ Server နှင့်ချိတ်ထား သော Computer များအားလုံးဖွင့်ထားစရာမလိုပါ။ Server ကိုတော့ အလုပ်လုပ်နေ သောအချိန်မှာဖွင့်ထားဖို့လိုပါတယ်။

Server မှာ စာရိုက်သော အလုပ်ကိုမလုပ်ကြပါ။ Windows 2003 OS ကိုဘဲထည့်သွင်း ထားခြင်းဖြစ်ပါတယ်။
မိမိ Network အတွင်းမှာရှိသော မည်သည့် Computer မှမဆို Server သို့ Remote Desktop Connection ဖြင့်ဝင်နိုင်သည်။
Start --- > Accessories --- > Communications --- > Remote Desktop Connection 



Computer မှာ Server အတွက်ပေးထားသော Name ကို ရိုက်ထည့်။
ပြီးရင် Connect ကို Click လုပ်ပေးလိုက်။
Server Computer ၏ Desktop မြင်ကွင်းကို မြင်ရမှာဖြစ်။

ဒါဆိုရင် Server Computer မှာပြောင်ချင်တာရှိရင် မိမိ Computer ကနေ ပြီးပြောင်းပေးနိုင်မှာ ဖြစ်ပါတယ်။ Server ကို အဝေးကနေ စီမံခန့်ခွဲထိန်းချုပ် တာကို Remote Desktop လို့ခေါ်ပါတယ်။

Fig-1 Remote Desktop Computer မှ Server ထဲသို့ဝင်ရန်အတွက် Password တောင်းသည့်ပုံ။


Fig-2 Windows 2003 Server Desktop ကိုမိမိ Computer မှ မြင်တွေ့နေရ သည့်ပုံ။


Server Computer --- > Start --- > Program --- > Administrative Tool --- > Computer Management --- > Local Usesr and Groups --- > Users --- > Right Click --- > New User --- > User Name
User Name နေရာမှာ user အမည်ကိုရိုက်ထည့်၊ Full Name နေရာမှာ သုံးစွဲသူ၏ အမည်ကိုထည့်၊ Description နေရာမှာ နှစ်သက်ရာထည့်၊ password and comfirm pw မှာတော့ လျှို့ ဝှက် သင်္ကေတ အတိုင်းရိုက်ထည့်။ ပြီးရင် Create ကို Click ။

User cannot change password and password never expires တွေရဲ့  ရှေ့  မှာရှိတဲ့ လေးထောင့်ကွက်နေရာတွေ မှာအမှန်အမှတ်အသားပေါ်လာအောင် Mouse နဲ့ တစ် ချက်စီနှိပ်လိုက်ရမှာဖြစ်ပါတယ်။ User cannot change password ကတော့ နောင်တစ် ချိန် User Password ကိုပြောင်းလို့မရအောင်သတ်မှတ်လိုက်တာဘဲဖြစ်တယ်။

Account is disable ကိုရွေးချယ်လိုက်ရင်တော့၊ အဲဒီ account က သုံးလို့မရတော့ပါ။
ဥပမာ - email ကျသင့်ငွေကိုမပေးဆောင်ထားဘူးဆိုရင် Server ကနေ Account ပိတ်ပစ် ချင်ရင်သုံးနိုင်တယ်။

User must change pw at next log in ကိုရွေးချယ်ထားရင်တော့ ၊ နောင်တစ်ချိန်မှာ နှစ်သက်ရာ password အနေနဲ့ user ဘက်မှပြောင်းလဲနိုင်တယ်။

Printer Sharing
အရင်ဆုံး Printer ကို Server မှာ တတ်လိုက်ပါ။ ပြီးရင် server computer --- > Start --- > All programs --- > Printers and Faxes --- > မှာ လက်ပုံလေးကိုတွေ့ရမှာဖြစ် ပါတယ်။

Client Computer ဘက်မှလည်း my network place မှဝင်ပြီး၊ user name and password ရိုက်ထည့်ပြီး ဝင်ရင်၊ 2003SVRP ဟု server printer အဖြစ်ဖော်ပြနေတာ ကိုတွေ့ရပါမယ်။