hao

hao
hao

Friday, July 10, 2015

3-Network အကြောင်းသိကောင်းစရာများ (အပိုင်း-၁)

I already shared from another blog and now knowledge sharing for any person.
Thanks.

Network အကြောင်းသိကောင်းစရာများ (အပိုင်း-၁)

TYPE OF NETWORK

1 . Local Area Network (LAN)
2 . Metropolitan Area Network (MAN)
3 . Wide Area Network (WAN)

1 . local area network

ကွန်ယက်ငယ်လေးပါ ။ အများဆုံး 1024 ပါဝင်ပြီး 900m အထိပဲ ချိတ်ဆက်နိုင်တယ် ။

2.-့  MAN က metropoliton town တွေ city ragne အတွင်းပဲ backbone နဲ့ မချိတ်ထားတဲ့ဟာ ကို Man လို့ ခေါ်တာ ၊ 
3 . Wide Area Network (WAN)

ကမ္ဘာတ၀န်းနဲ့ ချိတ်ဆက်ခြင်းပါပဲ ။ Internet ဟာ wan ပါပဲ ။ 
1.Network Medium ကြားခံဆက်သွယ်ပေးမည့် ပစ္စည်းများ

1 . ကွန်ပျုတာတစ်လုံးနှင့် တစ်လုံးကို ကြားခံချိတ်ဆက်ပေးတဲ့ ပစ္စည်းကိုပြောတာပါ။ network cable ကြိုးတွေဟာ ကြားခံပစ္စည်းတွေပါ ။Metallic Cable ဆိုတဲ့  tv antenna ကြိုးတွေနဲ့  Twisted Pair Cable လို့ ခေါ်တဲ့  ဖုန်းကြိုးတွေပါ ။ wireless ဆိုတာကတော့  ကြိုးမဲ့ စနစ်ပါ ။

2 . Network Interface Card

ကွန်ပျူတာတစ်လုံးမှတစ်လုံးသို့  Network Card တွေ Network ကြိုးတွေ Network ခေါင်းစတဲ့  Network
Medium တွေကို သုံးပြီး Data တွေကိုသယ်ယူကြတာပါ ။
 (1) TCP/IP

Transmission Control Protocol/Internet Protocol ကိုရဲ့  အတိုကောက်ပါ ။ ခေတ်မီ networking applications တွေမှာ စက်တခုမှတခုသို့  data တွေသယ်ယူရာမှာ ခေတ်မီတဲ့  လုပ်နည်းကိုင်နည်းလိုအပ်ပါတယ် ။
ကွန်ပြူတာ တလုံးနဲ.တလုံး ချိတ်ဆက်နိုင်ဖို.အတွက် ကြားခံ Media တွေ လိုအပ်ပါတယ်။
Network Card , Cable , Switch , Hub , Router စသည်ဖြင်.အခြေခံ Network Medium တွေကို အသုံးပြု ပြီး Data တွေကို Translate လုပ်ကြတာ ပါ။ နည်းပညာပိုင်းကို ခဏလောက်ထားပြီး ဒီနေရာမှာ Hardware တွေရဲ.လုပ်ဆောင်ချက်လေးတွေ ကိုပဲ ရှင်းလိုက်ရအောင် ...

တခုခြင်းပြန်ရှင်းရမယ်ဆိုရင် ... Network Card ကတော. အရင်တုံးက သုံးတဲ. 10Mbs Speed ရတဲ. နက်ဝက်ကဒ်တွေပါ ။ အခုအသုံးမရှိသလောက်ကိုဖြစ်နေပါပြီ ။



နောက်တစ်ခုကတော.
RJ45 ခေါင်း နဲ. 100Mbs / 1Gbs Speed အထိအထောက်အကူပေးနိုင်ပါတယ် ။ လက်ရှိသုံးစွဲနေတဲ. နက်ဝက်ကဒ်တွေဖြစ်ပါတယ် ။


ဒီနက်ဝက်ကဒ်ကို ပို.ဆောင်ဆက်သွယ်ပေးမဲ. ကြိုးကတော. RJ45 Male တပ်ထားတဲ. ကြိုး ဖြစ်ပြီး ကြိုးအမျှည်ပေါင်း ၈ကြိုး ပါဝင်ပါတယ်။ ကြိုး ထိုးတဲ.နေရာမှာတော.
A Type (ဖြူမော်/မော်/ဖြူစိမ်း/ပြာ/ဖြူပြာ/စိမ်း/ဖြူညို/ညို) နဲ.
B Type (ဖြူစိမ်း /စိမ်း /ဖြူမော် /ပြာ / ဖြူပြာ/မော် /ဖြူညို / ညို) ဆိုပြီး ၂မျိုး ၂စားရှိပါတယ် ။



 




ဒီအကြောင်းအရာနှစ်ခုကိုအရင်ပြောပြရင်..........

ကွန်ပြူတာ ၂လုံးထဲချိတ်မယ်ဆိုရင် Peer To Peer ချိတ်ဆက်တယ်လို.လဲခေါ်ပါတယ် ။ နက်ဝက်အသေးစား (၁၀လုံးအောက်) တွေမှာ တွေ.ရပြီးကြိုး တစ်ဖက်ကိုတော. A type ဖြစ်ပြီး အခြားတစ်ဘက်ရှိခေါင်းအား B type အဖြစ် လုပ်ပေးရပါမယ် ။ ဒီလို A type နဲ. B type ကို ထိုးပေးရတဲ. နေရာတွေကတော. ကွန်ပြူတာ အချင်းချင်း (ကြားခံ Switch ,Hub ) မပါပဲနဲ.ဖြစ်စေ ၊ တချို.နက်ဝက်ဘောက် အခြင်းခြင်းဖြစ်စေ ထိုနေရာတွေမှာ ပဲသုံးပြုပါတယ်။ သူက ဒါရိုက်ချိတ်ဆက်ထားခြင်းဖြစ်လို. Sharing တော.ကောင်းတယ်။ Security အရမကောင်းဘူး။ Security လိုအပ်တဲ.နေရာတွေမှာ Peer Network ကို မသုံးသင်.ပါဘူး ။ စက်တလုံးလုံးကနေ ဖြစ်စေ စက်အားလုံးက ဖြစ်စေ ၊ အခြားကွန်ပြူတာတစ်လုံးစီမှ Sharing Data တွေယူလိုက်မယ်ဆိုရင် အယူခံရတဲ.ကွန်ပျူတာမှာ Performance ကျသွားပါတယ် ။ အပြန်အလှန် Data ပေးပို.နေတဲ.အတွက် ကွန်ပြူတာ (၁၀) လုံးထက် ပို၍အသုံးပြုဖို. မသင်.တော်ပါဘူး ။ကွန်ပြူတာ အလုံးရေ လိုအပ်သလောက် Network Ports ( 8pots switch , 16posts Switch ) အရေအတွက် နဲ. ရှိပါတယ် ။
အများသော အားဖြင်. နက်ဝက်အကြီးစား (၁၀လုံးထက်ပိုပြီး) Switch တွေ ၊ Router တွေ နဲ.ချိတ်ဆက်မယ်ဆိုရင်တော. A type ပဲဖြစ်ဖြစ် B type ပဲဖြစ်ဖြစ် ကိုယ်နှစ်သက်ရာ နှစ်သက်သလို ကြိုးစီလို.ရပါတယ် ( အဓိက ကတော. ပာိုဘက်(တဖက်နက်ဝက်ခေါင်း)မှာ ဘယ်လိုစီစီ နောက်တဖက်မှာလဲ တဖက်ခေါင်းစီထားတဲ.အတိုင်း ပြန်စီပြီးထိုးလဲ အဆင်ပြေပါတယ် ) ။
နက်ဝက်ကြိုး ( Network Cabling ) က မီတာ ၁၀၀ ပတ်ဝန်းကျင်အထိပဲ အသုံးပြုရ အဆင်ပြေပြီးတော. မီတာ ၁၀၀ ကျော်သွားရင်တော. Network Speed လျှော.ကျမူ.ကြောင်.Data မရနိုင်ပါဘူး ။ အဲ.နေရာတွေမှာ Network Speed ကိုထပ်တိုးပေးနိုင်မဲ. Switch , Hub တွေကို အသုံးပြုမှ အဆင်ပြေမှာပါ ။

 



 Switch
Switch ရဲ.သဘောတရားကတော. ဖြန်.ဖူးပေးမဲ.အလုပ်နဲ. လမ်းညွှန်ပေးတဲ.အလုပ်ကိုပဲလုပ်ကိုင်မှာပါ။ ဥပမာ ပေးရရင် ... ရပ်ကွက် မြေပုံ တခုလိုပေါ့ အိမ်နံပါတ်ဘယ်လောက် ၊ဘယ်လောက်ကို လာတဲ့ဧည့်သည် က ကိုယ့်ဘာသာ ကိုယ်ရှာပြီး သွားလို့ရအောင်ပြထားတဲ့သဘော မှာပဲလုပ်ကိုင်ပါတယ် ။

Router ကတော့ Switch နဲ့ကွာခြားချက်တွေရှိပါတယ် ။ သူ့မှာ Function တွေပိုစုံလင်ပြီး သူကိုယ်တိုင်ဖြစ်စေ ၊ တခြား စက်တလုံးဖြစ်စေ ၊ နက်ဝက် တခုကိုဖြစ်စေ သွားရောက်ဖို့အတွက်သက်မှတ်ပေးနိုင်ပါ တယ်။ ပြီးတော့ ရောက်ရှိလာတဲ့ နက်ဝက် ရဲ့ Speed ကို ပြန်ပြီး Routing အနေနဲ့ တိုးပေးပါတယ် ။ အဲဒီအတွက် နက်ဝက် ၂ခု ချိတ်ဆက်ရာမှာပိုပြီး လျှင်မြန်စေပါတယ် ။ Wireless router တွေကတော့ ၁၀၀ မီတာ ကနေ ၂၀၀ မီတာ လောက်ကို point to point ကို access လုပ်နိုင်တယ် (ကြားခံ နံရံများ ၊ ပိတ်ဆို့မူများရှိရင်တော့ မိတာ ၁၀၀ က အကောင်းဆုံးပါ ) ။ ဥပမာ ပေးရရင် ... ရပ်ကွက်တခုမှာလာတဲ့ဧည့်သည် ကို အိမ်တိုင်ရာရောက်လိုက်ပို့ပေး သလို ၊ သူ ကိုယ်တိုင်ကို က ရပ်ကွက် တခု တည်ထောင် နိုင် ပါတယ် ၊တခြားရပ်ကွက် က အိမ်ကို ပါ(သတ်မှတ်ပေးထားရင်) သူ လိုက်ပြနိုင် ပါတယ် ။
Router
 
ဒါဆိုရင် Network Card , Switch , Router တွေရှိတာနဲ. အားလုံးတတ်ဆင် ပြီးတာ နဲ. Network ရသလားဆိုတော. မရနိုင်သေးပါဘူး ။ ကားတစီးကို အားလုံးတတ်ဆင်ပြီးတာ နဲ. ကားက ၀ူးကနဲမထွက်သွားပါဘူး ၊ ကားကို မောင်းနှင် နိုင်မဲ့သူရှိမှ အဆင်ပြေမှာပါ ။ အဲအတွက် ကွန်ပြူတာ အချင်းချင်းမှာလဲ နားလည်အောင် လုပ်ကိုင်ပေးမဲ့သူ Protocol ဆိုတာလိုအပ်တယ်။
ဥပမာ--
(၁) TCP/IP (Transmission Control Protocol/ Internet Protocol)
(၂) NetBEUI( Net BIOS Extend User Interface)
စသဖြင့် Protocol တွေလိုအပ်လာပါတယ် ။ Protocol ဆိုတာက ကွန်ပြူတာတွေ အချင်းချင်း ဆက်သွယ်ရာမှာ လုပ်ဆောင်ကြရမယ် rule တွေလို့ပဲကျနော် သဘောပေါက်ထားပါတယ် ။ ဆော့ဝဲရေးသားထားသူ အပေါ်မှာ မူတည်ပြီး Protocol အများအပြားရှိနေမှာပါ ။ အခု အသုံးပြုမှုအများဆုံးနဲ့အသုံးဝင်ဆုံး Protocol ကတော့ TCP/IP Protocol ပဲဖြစ်ပါတယ်။

TCP/IP Protocol
 





Graphic Processing Unit (GPU) ဆိုတာ Specialized Processor တစ်မျိုးပဲ ဖြစ်ပါတယ်။
Embedded Systems, Mobile Phones, Personal Computers, Workstation နဲ့ Game Consoles တို့မှာ အသုံးပြုရတဲ့ ၎င်း GPU ကို တစ်ခါတစ်လေကျတော့လည်း Visual Processing Unit (VPU) လို့ ခေါ်ပါတယ်။
Morden GPU တွေဟာဆိုရင် Manipulating Computer Graphics မှာ ပိုပြီးအကျိုးရှိစေပြီး၊ ၎င်းရဲ့စွမ်းဆောင်ရည် မြင့်မားတဲ့ Highly Parallel Structure ဟာ General-Purpose CPUs ထက်စာရင် ရှုပ်ထွေးတဲ့ Complex Algorithms တွေအတွက်ပိုပြီးကောင်းမွန်တာကို တွေ့ရပါတယ်။

၎င်း GPU ကို Personal Computer ထဲက Video Card ပေါ်မှာ ဒါမှမဟုတ် PC Motherboard တွေပေါ်မှာ တွေ့မြင်နိုင်ကြပါတယ်။ အခုနောက်ပိုင်းပေါ်ထွက်လာတဲ့ New Desktop နဲ့ Netbook Computer 90% ကျော်ကျော်လောက်မှာလဲ GPU လို့ခေါ်တဲ့ Graphic Processing Unit ကို ပေါင်းစပ်ထည့်သွင်းထားကြောင်းလေ့လာ တွေ့ရှိရပါတယ်။


GPU Companies


တကယ်တမ်းပြောရရင် GPU ကို ထုတ်လုပ်ခဲ့တဲ့ Company တွေက အများကြီးပါပဲ။ GPU Brand Name တွေလည်း အများကြီးရှိတာကို အားလုံးလည်းသိကြမှာပါ။

၂၀၀၈ ခုနှစ်မှာတော့ Intel, NVIDIA နဲ့ AMD Company များဟာ 49.4% ၊ 27.8% နဲ့ 20.6% အသီးသီးဖြင့် ဈေးကွက်အတွင်း ဦးဆောင်လာကြပါတော့တယ်။
ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလိုများပြားလှတဲ့ GPU Brand တွေထဲမှာ Intel က ထုတ်လုပ်လိုက်တဲ့ GPU ကတော့ ၀ယ်ယူရတာ ဈေးအလွန်သက်သာပါတယ်။
ဒါတောင်မှ Intel ကထုတ်လိုက်တဲ့ GPU တွေဟာ ဈေးကွက်မှာ လူကြိုက်များတာ မှန်ပေမယ့် သိပ်ပြီးတော့ နေရာမရခဲ့ပါဘူး။ဘာ့ကြောင့်လဲဆိုတော့ GPU ရဲ့ ဈေးကွက်ကို NVIDIA နဲ့ AMD Company Brand တွေကသာ ရာနှုန်းပြည့်နီးပါး ထိန်းချုပ်ထားတာကြောင့်ပဲ ဖြစ်ပါတယ်။